ဂျပန်မှာ တထောင်တန် ငါးထောင်တန်နဲ့ တသောင်းတန်ငွေစက္ကူများရှိကြပါတယ်၊ဂျပန်ငွေစက္ကူကိုပြုလုပ်ထားတဲ့ နည်းပညာဟာ လွန်စွာခက်ခဲရှုတ်ထွေးတဲ့အတွက် အတုအပပြုလုပ်ဖို့ အလွန်ခက်ခဲတယ်လို့ ကမ္ဘာမှာနာမည်ကြီးပါတယ်၊ ဂျပန်ငွေစက္ကူများမှာ ဂျပန်နိုင်ငံရဲ့ နာမည်ကြီးခဲ့တဲ့ လူတွေရဲ့မျက်နှာပုံတွေကို ထည့်ထားပါတယ်
၂၀၀၄ ခုနှစ်ကစပြီး တထောင်တန်းကို နိုဂူချိဟီဒဲရော(noguchihideyo)၊ ငါးထောင်တန်ကို ဟီဂူချီအိချိရော(higuchiichiyou)၊နဲ့ တစ်သောင်းတန်ကိုတော့ ဟိုးအရင်ကတည်းကအတိုင်း မပြောင်းလဲဘဲ ဖူခုဇာဝါ ရုခိချိ(fukuzawa yukichi) ဘဲဖြစ်ပါတယ်၊ အဲဒီလူတွေဟာ ဘယ်လိုလူတွေလဲဆိုတာကို ကြည့်ကြရအောင်
တစ်ထောင်တန် နိုဂူချီဟီဒဲရော (၁၈၇၆-၁၉၂၈) ၊ နိုဂူချီဟီဒဲရောဟာ နာမည်ထင်ရှားတဲ့  ဆေးသိပံ္ပပညာရှင်တစ်ဦးဖြစ်ပါတယ် ဟီဒဲရောဟာ ဖုခုရှိမားကန်မှာမွေးဖွားခဲ့ပြီး မိသားစုဟာအလွန်ဆင်းရဲ ရှာပါတယ် သူ့ အဖေဟာဟိုးအဝေးကြီးမှာအလုပ်သွားလုပ်ရပြီး အရင်အရမ်းသောက်တာကြောင့် ရသမျှပိုက်ဆံ အရက်ဖိုးနဲ့ ဘဲကုန်နေတာကြောင့် ဟီဒဲရောရဲ့ အိမ်ဟာ အမြဲပိုက်ဆံမရှိပါဘူး၊ သူအမေကလည်း အလုပ်ကြိုးစားလုပ်ပေမဲ့ သိပ်အဆင်မပြေပါဘူး၊ ဟီဒဲရောဟာ တစ်နှစ်ခွဲ အရွယ်မှာ အိမ်တွင်းမီးဖိုထဲကို ပြုတ်ကျပြီး ဘယ်လက်ချောင်း ငါးချောင်း ဖျန့် လို့ မရတော့ပါဘူး ငယ်စဉ်က ကျောင်းမှာသူငယ်ချင်းတွေက ဟီဒဲရောရဲ့ လက်ကိုကြည့်ပြီး ၀ိုင်းရီကြပါတယ် ဒါပေမဲ့လဲ ဟီဒဲရောဟာ စာကိုသာဖိကြိုးစားခဲ့ပါတယ် အမြဲတန်းအတန်းထဲမှာပထမရရှိခဲ့ပါတယ်၊ ပိုက်ဆံရှိတဲ့မိသားစုတွေကတော့ မူလတန်းပြီးတာနဲ့  အလယ်တန်းကျောင်းကိုတက်နိုင်ကြပေမဲ့  ဟီဒဲရောခမျာမှာတော့ ကျောင်းဆက်တက်ချင်းပေမဲ့ ပိုက်ဆံမရှိတဲ့ အတွက် ကျောင်းဆက်မတက်နိုင်ဘဲစြေ်နေခဲ့ပါတယ်၊ အဲဒီအချိန်မှာဘဲ အလယ်တန်းကျောင်း ဆရာကြီး ခိုဘာရာရှိဆာကအဲ ကဟီဒဲရောဟာ ဥာဏ်ကောင်းတဲ့ခလေးဖြစ်တယ် ကျောင်းဆက်တက်နိုင်ဖို့  ပိုက်ဆံထုတ်ပေးခဲ့တဲ့အတွက် ဟီဒဲရောဟာ ကျောင်းဆက်တက်နိုင်ခဲ့ပါတယ် အဲဒီကနေတောက်လျှောက် ဆရာကြီးခိုဘာရာရှိ ဟာ ဟီဒဲရောကိုကူညီပေးခဲ့ပါတယ်၊

အလယ်တန်း လေးနှစ်ရောက်တော့ ဟီဒဲရောရဲ့ ဘယ်လက်လက်ချောင်းတွေကို ခွဲစိတ်ကုသမှုခံယူခဲ့ပါတယ် ဖျန့် လို့ မရတဲ့ လက်ချောင်း ငါးချောင်းကြားကို ခွဲဖြတ်လိုက်တဲ့အတွက် လက်ချောင်းလေးတွေလှုပ်ရှားလို့ ရလာပါတယ်၊ ခွဲစိတ်ကုသဖို့ ပိုက်ဆံကို အလယ်တန်းကျောင်းအုပ်ဆရာကြီးနဲ့  ဆရာဆရာမများ သူငယ်ချင်းများက ၀ိုင်းဝန်းကူညီပေးခဲ့ကြပါတယ်၊ အဲဒီအချိန်ကစပြီး ဟီဒဲရောဟာ ဆရာဝန်ဖြစ်ချင်စိတ် ကိန်းအောင်းလာပါတော့တယ်၊ ဒါပေမဲ့ဟီဒဲရောဟာ တက္ကသိုလ်ဆက်တက်ဖို့ ပိုက်ဆံမရှိတဲ့အတွက် မိမိဖာသာ ကြိုးစားပြီးဆရာဝန်စာမေးပွဲကိုဝင်ဖြေဖို့ စိတ်ဆုံးဖြတ်ခဲ့ပါတယ်
ထို့ ကြောင့်ပင်လျှင်ကျနော်တို့ တည်းခိုသည့်အိမ်၌ အမြဲဆေးတန်ခဲ၍ အမြဲပြုံးနေတတ်သော ဖထီးကြီးမှလွဲ၍ မည်သူမျှမရှိကြချေ၊ ဖထီးကြီးမှာ ပိုး၊စကော နှစ်ဘာသာစလုံး ကောင်းမွန်စွာပြောဆိုနိုင်ပြီး ဗမာလိုလိမ့် ပတ်လည်အောင်မပြောတတ်ချေ ကျနော်တို့ အဖွဲ့ အမောဖြေရေချိုးပြီး ထမင်းစားရုံနှင့် သင်တန်းပြုလုပ်မည့်နေရာသို့ သွားရန်ပြင်ဆင်ကြသည်၊ ဤတွင် အဖေါ်တယောက်က လျှော်ထားသည့် ဂျင်းအင်္ကျီဝမ်းဆက်ကို အိမ်ရှေ့ တွင် လှမ်းထားခဲ့ရာ စိတ်မချ၍ ဖထီကြီးအားမေးကြည့်မည်ဟု အကြံရကာ ကျနော်ကဗမာစကား ကောင်းကောင်းနားမလည်းသော ဖထီးကြီးအား “ဒီရွာမှာသူခိုးရှိသလား”ဟု ဒဲဒိုးမေးလိုက်ရာ ဖထီးကြီးမှာ မျက်နှာ ကွက်ကနဲဖြစ်သွားပြီး “ဘယ်ကလာတဲ့သူခိုးလဲ”ဟုမေးဖြေဖြေလိုက်သဖြင့် ဖထီးကြီးရဲ့ အဖြေကိုသဘောကျကာ ငိုအားထက်ရယ်အားသန်ခဲ့ရပါသည်၊
ထမင်းရုံသို့ သွားရာလမ်းဘေး၌ လွတ်ထားသောနွားများနှင့် အိမ်သို့ ပြန်မသယ်နိုင်သေးသည့်စပါးပုံများကိုတွေ့ လိုက်တော့မှ ဂျင်းအင်္ကျီပြောက်မှာစိုး၍ သူခိုးရှိလားမေးခဲ့ခြင်းကို အားနာမိသည်၊ ထမင်းရုံသို့ သွားသော် ဟင်းများထည့်ထားသော စဥ့်အိုးများကိုတွေ့ ရသည် ဤနေရာဒေသသည် လက်ဖက်ရည်ဆိုင် ထမင်းဆိုင်များမရှိ၍ ဧသည်များအတွက် ထမင်းစားချိန်ကို သတ်သတ်မှတ်မှတ်မထားဘဲ မိမိဆာသည့်အချိန်တွင် အချိန်မရွေးလာရောက်စားသောက်နိုင်ကြောင်း ရှင်းပြသည်ကိုကြားလိုက်သောအခါ နွမ်းပါးသော်လည်းစေတနာနှင့် လောကွတ်ပြူငှာရှိသော ရွာလေးဟုမှတ်ချက်ချမိသည်၊
သင်တန်းနားသည့်အချိန်တွင် လည်းပတ်စရာနေရာလည်းမရှိသည့်အပြင် အိမ်တွင်အပျင်းပြေဖတ်စရာ စာအုပ်သုံးလေးအုတ်နှင့် နံရံတွင်ချိတ်ဆွဲထားသော ပြက္ခဒိန်မှတပါးအခြား ဘားမှမရှိချေ၊ ကျနော်လည်းပြက္ခဒိန်ကို လှန်လှော်ကြည့်ရှူ့ နေရာမှ နောက်ဆုံးစာရွက်၌ စာရင်းလိုလိုခဲတံနှင့်ရေးခြစ်ထားသည်ကိုတွေ့ ၍ ဖထီးကြီးအားမေးကြည့်ရာ ၀က်သားစာရင်းဖြစ်ကြောင်းသိရသည်၊သူတို့ ဒေသထုံးစံအရ ၀က်ပေါ်လျှင်ငွေကြေးဖြင့်မရောင်းဘဲ တအိမ်ကိုတပိဿာတတွဲလိုက်ပေးသည် သူဝက်ပေါ်သောအခါကျမှ တစ်တွဲပြန်၍ဆပ်ခြင်းဖြစ်သည်၊ သို့ သော်ကျနော်စဉ်းစားမိသည်မှာထိုသို့ ဆိုလျှင် ကိုယ်ပေးရမည့်ဝက်သားစာရင်းနှင့်ကိုယ်ရမည့်ဝက်သားစာရင်းဟူ၍ နှစ်ခုရှိရဖြစ်ရာ ယခုမှာ စာရင်းတစ်ခုတည်းဖြစ်နေ၍ ဖထီးအားမေးကြည့်ရာ ဖထီကြီးက မှတ်ထားတဲ့စာရင်းတွေဟာ ကိုယ်က ပြန်ပေးရမယ့်စာရင်းတွေဖြစ်ကြောင်းပြောပြပါသည်၊ထိုအခါကျနော်က ကိုယ်ကပြန်ရမဲ့စာရင်းကျတော့ရောဟုမေးရာ ဖထီင်္းကြီးက“ ပြန်ပေးရမဲ့ သူုကမှတ်ထားပါလိမ့်မယ်”ဟုရိုးရိုးလေးပြောလိုက်တဲ့အတွက် ကျနော်ပါစပ်အဟောင်းသားနှင့် အံသြခြင်းကြီးစွာဖြစ်ခဲ့ရပါသည်၊
တိုးတက်ယဉ်ကျေး၍ လူနေမှုအဆင့်အတန်းမြင့်သည်ဆိုသော ကျနော်တို့ ဒေသတွင် ငွေအပေးအယူကိစ္စ၌ စာချုပ်စာတန်းနှင့် အသေအခြာလုပ်ပါလျှက် ကတိက၀တ်ပျက်ကွက်ကာ ရုံးရောက် ဂတ်ရောက်ကိစ္စများ နားနှင့်မဆံအောင်ဖြစ်နေချိန်တွင် နှုတ်ကတိ တစ်ခွန်းမျှဆိုစရာမလိုဘဲ သစ္စာအရာ၌ နောက်ကျောလုံလွန်းသည့် ရွားလေး၏ စိတ်ဓါတ်အခင်းအကြင်းကို လေးစားမိပါသည်၊ ညဘက်တွင် နွားများချည်ထားစရာမလိုသော တလင်းထဲ၌ ပုံထားသောစပါးများပျောက်မှာကိုမစိုးရိမ်ရသော၊သမီပျိုလေးများကို ညအိပ်ညနေ အိမ်စောင့်အဖြစ် စိတ်ချလက်ချ ထားခဲ့နိုင်သော ဤနေရာဒေသ၌ ငွေနှစ်ရာ့ငါးဆယ်ထည့်ထားသောအိပ်ကို သော့ခတ်ထားသော ကျနော့်၏အပြုအမှုသည် ရွာကလေး၏ ဂုဏ်သိက္ခာကိုစော်ကားသလိုဖြစ်နေပြီးဟု တွေးမိကာ ရှက်သလို သိမ်ငယ်သလိုခံစားလာမိသည်၊ ထို့ ကြောင့် သားရေအိတ်မှသော့ကိုဖြုတ်လိုက်ပြီးနံရံတွင်ချိတ်ဆွဲထားလိုက်သည်၊ ဖေါက်ပြန်ဖျက်ဆီးတတ်သော လောဘ၊မောဟ၊ဒေါသ၊မစ္ဆိယစိတ်များကို သီလတည်းဟူသော သော့ဖြင့်အသေအချာချိတ်ပိတ်ခတ်နှိပ်ထားသောကြောင့် ရွာကလေးသည် စည်းရိုးမရှိ၊ ၀င်းမရှိ၊ တံခါးမရှိဖြင့် လွတ်လပ်ပေါ့ပါးစွာ နေနိုင်ကြခြင်းဖြစ်သည်ဟု တွေးမိကာရွာကလေးအပေါ်သို့  လေးစားကြည်ညိုမိလာခဲ့သည်၊ ဘ၀နေပူစပ်ခါးအောက်၌ အဆောင်အရောင် ပကာသနဟူ၍ ဘားမျှမရှိသော်လည်း တင်းတိန်ရောက်ရဲ၍ဖြူစင်ရိုးသားသော နှလုံးစိတ်ဝမ်းနှင့်ငြိမ်းချမ်းနေသည့်ရွာကလေး၏ အလှတရားကို ပီပီပြင်ပြင်မြင်လာသည်။ ခလုံမန်လှ ရွာကလေးသို့ ကျနော့့်လာခဲ့ရခြင်းအကြောင်းအရင်းမှာ ဓမ္မတရားပြသရန်အတွက်ဖြစ်ပါသည် အခုတော့ ရွာကလေးမှကျနော်ကို ဓမ္မတရားပြန်ပြနေလေပြီး၊
ပြန်သည့်နေ့ ၌ ရွာအ၀င်တောင်ကုန်လေးပေါ်ရပ်ရင်း ရီဝေနေသောမျက်ရည်ကြားမှ ရွာကလေးကိုနှုတ်ဆက်နေမိသည်၊ ရွာကလေးမှာမပြောင်းလဲသော်လည်း ရွာကလေးက ကျနော့်အမြင်မျာကိုပြောင်းလဲစေခဲ့ပါပြီး၊ အိမ်သို့ ပြန်ရောက်သော် လျှော်စရာအ၀တ်များကို ဆွဲထုတ်ယူနေသော ဇနီးသည်က “အစ်ကိုရေ အိတ်မှာခတ်ထားတဲ့ကြေးနီသော့လေးမတွေ့ ပါလား ဘယ်ရောက်သွားသလဲ”ဟု ပျာပျာသလဲမေးရာ ကျနော်က ခလုံမန်လုရွာကလေးအကြောင်း စီကာပတ်ကုန်းပြောကြားပြီး“တရွာလုံးမှာသော့မမြင်ဖူးတဲ့ ရွာကိုလက်ဆောင်ပေးခဲ့တယ်”ဟုပြောပြလိုက်သည်၊ ဇနီးသည်က“အမလေးတော်သော့မလိုတဲ့ရွာမှာသော့ထားခဲ့လို့ ဘယ်မှာသွားသုံးမှာတုန်း ဒီမှာသော့လိုတယ်လေ၊ ဒါနဲ့ ခရီးရောက်မဆိုက်ပြောရအုံးမယ် ရှင့်အိမ်ခြံစည်းရိုးတွေပျက်နေတာ အမြန်ပြင်ရင်ကောင်းမယ် မနေ့ ညကလမ်းထိပ်ကဆိုင်ကိုဝင်ဖောက်တာကုန်ပါရော့လားအစောင့်တောင်မနိုးဘူး“၊ ဇနီသည်၏စကားအဆုံး၌ ကျနော့်ဒူးများ ညွတ်ကွေးကျသွားတော့သည်၊
အနိုင်ရပါတီကိုအာဏာလွဲပေးမည်ဟု ကမ္ဘာသို့ ကြေညာခဲ့ပြီးမှ ကိုယ့်နှုတ်ထွက်ကတိစကားကိုမျက်ကွယ်ပြုကာ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုသည့် အာဏာရှင် အစိုးရ၏ ရက်စက်မှုများကိုလည်းခါးစည်းခံခဲ့ဘူးပါသည်၊ တနေ့ တခြားကြပ်တည်းလာသောစားဝတ်နေရေးအတွက် ကျနော်ချစ်သော မိသားစုအသိုက်အမြုံလေးနှင့်ဝန်းကျင်ကိုထားခဲ့ကာ သင်္ဘောသားဘ၀နှင့်နိုင်ငံအတော်များများကို ရောက်ခဲ့ဖူးပါသည်၊ ခေတ်မှီတိုးတက်သောနိုင်ငံများဖြစ်သည့်အလျှောက် စက်မှုနည်းပညာတို့ ဖြင့်ဖန်တီထားသော မိုးမျှော်အဆောက်အအုံများ၊ ရုပ်ဝတ္တုပစ္စည်းများ ဆက်သွယ်ရေးစနှစ်များကိုမြင်တွေ့ ရသောအခါ ရင်သပ်ရှုမောအံသြကြီးစွာဖြစ်မိပါသည်၊ သို့ သော်တဖက်မှ အာမခံသော့များ၊ လျှို ၀ှက်နံပါတ်များ၊ Security Camera, Security alarm များကိုမြင်တွေ့ လိုက်ရသောအခါ တိုးတက်သည့်မြို့ ပြလူနေမှုစနစ်၏ ခါးသီးမှုဒဏ်ကို နာကျင်မွန်းကြပ်စွာခံစားရလေတိုင်း ကျနော့်၏စိတ်အစဉ်တို့ သည် တချိန်က ရောက်ခဲ့ဘူးသည့် ကရင်ရွာကလေး “ခလုံမန်လု” ဆီသို့ အပြေးနှင်ရောက်ရှိစမြဲဖြစ်လေတော့သည်။